ဂျေရုဆလင်မြို့/သို့ အောင်ပွဲခံ/၍ ဝင်ရောက်တော်မူခြင်း
11
ကိုယ်တော်/နှင့် တပည့်တော်တို့/သည် ဂျေရုဆလင်မြို့/သို့ ချဉ်းကပ်/၍ သံလွင်တောင်ခြေ/၌ ရှိသော ဗက်ဖာဂေရွာ/နှင့် ဗေသနိရွာ/သို့ ရောက်လာကြ၏။ ထိုအခါ ယေရှု/သည် တပည့်တော်/နှစ်ပါး/ကို စေလွှတ်/၍ 2 “သင်တို့/ရှေ့တွင်/ရှိသော ရွာ/သို့/သွားကြလော့။ ရွာ/ထဲသို့ ဝင်လျှင်/ဝင်ချင်း မည်သူ/မျှ မစီးဖူးသေးသည့် ကြိုးချည်ထားသော/မြည်းကလေး/တစ်ကောင်/ကို တွေ့မြင်ရ/လိမ့်မည်။ ထို/မြည်း/ကို ကြိုးဖြေ/၍ ခေါ်ဆောင်လာကြလော့။ 3 တစ်စုံတစ်ဦး/က သင်တို့/ကို ‘အဘယ်ကြောင့် မြည်း/ကို ကြိုးဖြေကြသနည်း’ ဟု မေး/လျှင် ‘သခင်/အသုံးပြုလို/သောကြောင့်/ဖြစ်၏။ ချက်ချင်း/ပြန်ပို့ပေးပါမည်’ ဟု ဖြေကြလော့” ဟူ၍ မိန့်မှာတော်မူ၏။4 တပည့်တော်တို့/သည် ထွက်သွား/၍ လမ်းဘေး/၌ အိမ်/တံခါး/အနီး ချည်ထားသော/မြည်းကလေး/ကို တွေ့မြင်ကြ၏။ 5 တပည့်တော်တို့/သည် မြည်း/ကို ကြိုးဖြေနေကြ/စဉ် လမ်း/တွင် ရပ်နေသူ/တချို့/က “အဘယ်ကြောင့်/မြည်းကလေး/ကို ကြိုးဖြေကြသနည်း” ဟု မေးကြ၏။ 6 ထိုအခါ တပည့်တော်တို့/သည် ယေရှု/မှာထားတော်မူ/သည့် စကား/အတိုင်း ပြန်ပြောကြ/သော် ထို/သူတို့/သည် မြည်း/ကို ယူခွင့်/ပြုကြ၏။ 7 ထို့နောက် တပည့်တော်တို့/သည် မြည်းကလေး/ကို ယေရှု/ထံတော်သို့ ခေါ်ဆောင်လာကြ၏။ သူတို့/၏ အဝတ်များ/ကိုလည်း မြည်းကလေး/ပေါ်၌ ခင်းပေးကြ၏။ ကိုယ်တော်/သည် မြည်း/ကို/စီးတော်မူ၏။
8 လူတို့/က မိမိတို့/၏/အဝတ်များ/ကို လမ်း/ပေါ်တွင် ဖြန့်ခင်းကြ၏။ တချို့/က တော/မှ ခုတ်ယူခဲ့ကြသည့် သစ်ခက်သစ်ရွက်များ/ကို လမ်း/ပေါ်တွင် ဖြန့်ခင်းကြ၏။ 9 ကိုယ်တော်/၏/ရှေ့တော်/နှင့် နောက်တော်/တွင် လိုက်ပါသော/လူတို့/က
“ထာဝရဘုရား/၏ ဂုဏ်တော်/ကို ချီးမွမ်းကြ/ပါစေသော။a
ဘုရားသခင်/၏ အမည်/နာမ/နှင့် ကြွလာသော/အရှင်/သည် မင်္ဂလာ/ရှိပါစေသော။
10 မကြာမီ ပေါ်ထွန်းတော့မည့် ငါတို့/အဖ ဒါဝိဒ်/၏ နိုင်ငံတော်/သည် မင်္ဂလာ/ရှိပါစေသော။
အမြင့်ဆုံးသော ကောင်းကင်ဘုံ/၌ ဘုရားသခင်/၏ ဂုဏ်တော်/ကို ချီးမွမ်းကြ/ပါစေသော”b
ဟု ကြွေးကြော်ကြ၏။
11 ထို့နောက် ကိုယ်တော်/သည် ဂျေရုဆလင်မြို့/သို့ ကြွ/၍ ဗိမာန်တော်/သို့ ဝင်တော်မူ/လျက် ရှိသမျှ/အရာတို့/ကို ကြည့်ရှုတော်မူ၏။ ထို့နောက် ညနေပိုင်း/အချိန်/ရောက်/သဖြင့် တပည့်တော်/ဆယ့်နှစ်ပါး/နှင့်အတူ ဗေသနိရွာ/သို့ ကြွတော်မူ၏။
သဖန်းပင်/ကို ကျိန်တော်မူခြင်း
12 နောက်တစ်နေ့/နံနက်/တွင် ကိုယ်တော်/နှင့် တပည့်တော်တို့/သည် ဗေသနိရွာ/မှ ပြန်လာကြ/စဉ် ကိုယ်တော်/သည် ဆာလောင်တော်မူ၏။ 13 ထိုအခါ အရွက်/ဝေဆာသော/သဖန်းပင်/တစ်ပင်/ကို အဝေး/မှ မြင်တော်မူ/၍ သဖန်းသီး တွေ့လိုတွေ့ငြား အပင်/အနီး/သို့ သွား/၍ ကြည့်တော်မူ၏။ သို့သော် အသီး/သီးချိန် မရောက်သေး/သောကြောင့် အရွက်များ/ကိုသာ တွေ့မြင်တော်မူ၏။ 14 ထိုအခါ ကိုယ်တော်/က ထို/အပင်/အား “ယခု/မှစ၍ သင်/၏ အသီး/ကို အစဉ်မပြတ် မည်သူမျှ မစားရပါစေနှင့်” ဟု မိန့်တော်မူ၏။ ထိုသို့/မိန့်တော်မူသည်/ကို တပည့်တော်တို့/သည်လည်း ကြားကြ၏။
ဗိမာန်တော်/ကို ရှင်းလင်းတော်မူခြင်း
15 ထို့နောက် ကိုယ်တော်/နှင့် တပည့်တော်တို့/သည် ဂျေရုဆလင်မြို့/သို့ ပြန်ရောက်ကြ/သောအခါ ကိုယ်တော်/သည် ဗိမာန်တော်/သို့ ဝင်/၍ ဗိမာန်တော်/၌ ရောင်းဝယ်ဖောက်ကား/နေကြသောသူ/အားလုံး/ကို နှင်ထုတ်တော်မူ၏။ ငွေ/လဲလှယ်နေသော/သူတို့/၏ စားပွဲများ/နှင့် ချိုးငှက်/ရောင်းသော/သူတို့/၏ ခုံများ/ကို မှောက်လှန်တော်မူ၏။ 16 ဗိမာန်တော်/ကို ဖြတ်သန်း/လျက် ရောင်းဝယ်ရာ/ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်/ရန်လည်း မည်သူ့/ကို/မျှ ခွင့်ပြုတော်မမူ။ 17 ကိုယ်တော်/က “ကျမ်းစာ/တွင် ‘ငါ/၏ အိမ်တော်/သည် လူမျိုး/အပေါင်းတို့/၏ ဆုတောင်းရာ/အိမ်တော်/ဟု ခေါ်ဆို/ရမည်’ ဟူ၍ ရေးသားထား/သော်လည်း သင်တို့/သည် အိမ်တော်/ကို ဓားပြစခန်း/ဖြစ်စေကြပြီ”c ဟု သူတို့/အား သွန်သင်/လျက် မိန့်တော်မူ၏။
18 ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ/နှင့် ကျမ်းတတ်ဆရာများ/သည် ထို/အကြောင်း/ကို ကြားကြ/သောအခါ ကိုယ်တော်/ကို သတ်/နိုင်မည့်/နည်းလမ်း/ကို ရှာကြ၏။ သို့သော် လူထုပရိသတ်/အပေါင်းတို့/သည် ကိုယ်တော်/၏ သွန်သင်ချက်/ကို အလွန်/အံဩကြ/သောကြောင့် သူတို့/သည် ကိုယ်တော်/ကို ကြောက်ရွံ့ကြ၏။
19 ညနေခင်း ရောက်/သောအခါ ယေရှု/နှင့် တပည့်တော်တို့/သည် မြို့/မှ ထွက်သွားကြ၏။
20 နောက်တစ်နေ့/နံနက်/တွင် သူတို့/သည် ယေရှု/ကျိန်တော်မူခဲ့သော သဖန်းပင်/အနား/မှ ဖြတ်သွားကြ/သောအခါ ထို/အပင်/သည် အမြစ်/မှ/စ/၍ ခြောက်သွေ့နေသည်/ကို မြင်ကြ၏။ 21 ထိုအခါ ပေတရု/သည် ယေရှု/ကျိန်တော်မူခဲ့သော စကား/ကို သတိရ/၍ “ဆရာတော်d… ကြည့်တော်မူပါ။ ဆရာတော် ကျိန်တော်မူခဲ့သော သဖန်းပင်/သည် ခြောက်သွေ့နေပါပြီ” ဟု လျှောက်လေ၏။
22 ယေရှု/က “ဘုရားသခင်/ကို ယုံကြည်သော/စိတ် ရှိကြလော့။ 23 သင်တို့/အား ငါ/အမှန်/ဆို၏။ တစ်စုံတစ်ဦး/သည် သံသယစိတ်/မထားဘဲ မိမိ/ပြောသည့်/အတိုင်း/ဖြစ်မည်/ဟု ယုံကြည်/လျက် ဤ/တောင်/ကို ‘ဤ/နေရာ/မှ ရွေ့/ကာ ပင်လယ်/သို့ ကျလော့’ ဟု ပြော/လျှင် ပြောသည့်/အတိုင်း ဖြစ်/လိမ့်မည်။ 24 ထို့ကြောင့် သင်တို့/ကို ငါ/ဆိုသည်/မှာ သင်တို့/သည် မိမိတို့/တောင်းလျှောက်/သမျှ/ကို ရရှိပြီ/ဟု ယုံကြည်သော/စိတ်/ဖြင့် ဆုတောင်း/လျှင် တောင်း/သမျှ/ကို ရကြ/လိမ့်မည်။ 25 သို့သော် သင်တို့/သည် ဆုတောင်း/သောအခါ တစ်ပါးသူတို့/အပေါ်/၌ အပြစ်တင်စရာ/ရှိလျှင် ထို/သူတို့/၏/အပြစ်/ကို ဦးစွာ/ခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ/၌/ရှိတော်မူသော ခမည်းတော်/သည် သင်တို့/၏ အပြစ်များ/ကို ခွင့်လွှတ်တော်မူ/လိမ့်မည်။ 26 သို့သော် သင်တို့/ခွင့်မလွှတ်/လျှင် ကောင်းကင်ဘုံ/၌/ရှိတော်မူသော သင်တို့/၏/အဖ/သည်လည်း သင်တို့/၏ အပြစ်များ/ကို ခွင့်လွှတ်တော်မူမည်/မဟုတ်e” ဟု မိန့်တော်မူ၏။
အခွင့်အာဏာတော်/ကို စစ်ဆေးမေးမြန်းကြခြင်း
27 ကိုယ်တော်/နှင့် တပည့်တော်တို့/သည် ဂျေရုဆလင်မြို့/သို့ တစ်ဖန်/ရောက်ကြ၏။ ကိုယ်တော်/သည် ဗိမာန်တော်ဝင်း/အတွင်း ကြွတော်မူ/စဉ် ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ/နှင့် အကြီးအကဲများ/သည် ကိုယ်တော်/ထံသို့ ချဉ်းကပ်/၍ 28 “သင်/သည် ဤ/အခြင်းအရာများ/ကို မည်သည့်/အခွင့်အာဏာ/ဖြင့် လုပ်ဆောင်နေသနည်း။ ဤ/အခွင့်အာဏာ/ကို သင့်/အား မည်သူ/က ပေးသနည်း” ဟု မေးလျှောက်ကြ၏။
29 ယေရှု/က “သင်တို့/ကို မေးခွန်း/တစ်ခု ငါ/မေးမည်။ သင်တို့ ဖြေနိုင်/ပါက မည်သည့်/အခွင့်အာဏာ/ဖြင့် ဤ/အခြင်းအရာများ/ကို လုပ်ဆောင်နေကြောင်း ငါ/ပြောမည်။
30 ယောဟန်/၏ နှစ်ခြင်းမင်္ဂလာ/ပေးရသော/အခွင့်အာဏာ/သည် ကောင်းကင်ဘုံ/မှ လာသလော။ လူ့/ထံမှ လာသလော။ ငါ့/ကို ဖြေကြလော့” ဟု မိန့်တော်မူ၏။
31 ထိုအခါ သူတို့/က “ငါတို့/သည် ‘ကောင်းကင်ဘုံ/မှ လာသည်’ ဟု ဖြေ/လျှင် သူ/က ‘ထိုသို့/ဆို/လျှင် သင်တို့/သည် အဘယ်ကြောင့် ယောဟန်/ကို မယုံကြသနည်း’ ဟု မေး/လိမ့်မည်။ 32 သို့သော်လည်း ငါတို့/က ‘လူ့/ထံမှ/လာသည်’ ဟု ဖြေ/လျှင်လည်း မဖြစ်” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ သူတို့/သည် လူထုပရိသတ်/ကို ကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့/က ယောဟန်/သည် ပရောဖက်/တစ်ပါး/ဖြစ်ကြောင်း ယုံကြည်ထားကြ၏။ 33 ထို့ကြောင့် သူတို့/က “အကျွန်ုပ်တို့ မသိပါ” ဟု ယေရှု/ကို ဖြေဆိုကြ၏။ ထိုအခါ ယေရှု/က “ငါ/သည်လည်း ဤ/အခြင်းအရာများ/ကို မည်သည့်/အခွင့်အာဏာ/ဖြင့် လုပ်ဆောင်နေကြောင်း/ကို သင်တို့/အား/ပြောမည်/မဟုတ်” ဟု ထို/သူတို့/ကို မိန့်တော်မူ၏။